iPhone အခြေအနေပြသင်္ကေတများ၏အဓိပ္ပာယ်ကိုလေ့လာခြင်း
ဖန်သားပြင်ထိပ်ရှိ အခြေအနေပြဘားအတွင်းက ၎င်းသင်္ကေတများသည် iPhone နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပံ့ပိုးပေးထားသည်။ Face ID ပါသည့် iPhone တွင်၊ Control Center ထိပ်တွင် ထပ်တိုးအခြေအနေပြသင်္ကေတများရှိသည်။
Status သင်္ကေတ | ၎င်းသည်ဘာအဓိပ္ပာယ်နည်း | ||||||||||
---|---|---|---|---|---|---|---|---|---|---|---|
Cell signal အတုံးအရေအတွက်သည်သင်၏ cellular ဝန်ဆောင်မှု၏အချက်ပြအားကိုညွှန်ပြထားသည်။ ဖုန်းဆွဲအားမရှိလျှင်၊ “No Service” ဟုပေါ်လာသည်။ | |||||||||||
Dual SIM ပါသည့်အမျိုးအစားများ တွင် Dual ကွန်ရက်သင်္ကေတများ သည် ဘားများရှိ အပေါ်တန်းတွင် cellular အင်တာနက်အတွက် သင်သုံးထားသည့်ဖုန်းလိုင်း၏ ဖုန်းဆွဲအားကို ညွှန်ပြထားသည်။ ပိုနိမ့်သည့်ဘားတန်းသည်သင်အခြားလိုင်း၏ဖုန်းဆွဲအားကို ညွှန်ပြသည်။ ဖုန်းဆွဲအားမရှိလျှင်၊ “No Service” ဟုပေါ်လာသည်။ သက်ဆိုင်ရာ cellular အစီအစဉ်အညွှန်းများနှင့် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းအမည်များပါသည့် အခြေအနေပြသင်္ကေတာကို ကြည့်ရန်Control Center ကိုဖွင့်ပါ။ | |||||||||||
လေယာဉ်စီးသည့်စနစ် လေယာဉ်စီးသည့်စနစ်ပွင့်နေလျှင် သင် ဖုန်းခေါ်ဆိုမှုများမပြုလုပ်နိုင်သကဲ့သို့ အခြားကြိုးမဲ့လုပ်ငန်းစဉ်များလည်း လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ ခရီးသွားခြင်းအတွက် iPhone ချိန်ညှိမှုများကိုရွေးချယ်ခြင်း ကိုကြည့်ပါ။ | |||||||||||
5G သင့်ဖုန်းဝန်ဆောင်မှုပေးကုမ္ပဏီသည် 5G ကွန်ရက် ရရှိနိုင်ပါက iPhone သည် ထိုကွန်ရက်မှတစ်ဆင့် အင်တာနက်ကို ချိတ်ဆက်နိုင်သည် (iPhone 12 အမျိုးအစားများတွင် ပံ့ပိုးပေးထားသည်၊ နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင်မရနိုင်ပါ)။ Apple အထောက်အကူပြုဆောင်းပါးရှိ သင်၏ iPhone ဖြင့် 5G ကိုအသုံးပြုခြင်း ကိုကြည့်ပါ။ | |||||||||||
5G+ သင့်ဖုန်းဝန်ဆောင်မှုပေးကုမ္ပဏီသည် ကြိမ်နှုန်းမြင့် 5G ကွန်ရက် ရရှိနိုင်ပါက iPhone သည် ထိုကွန်ရက်မှတစ်ဆင့် အင်တာနက်ကို ချိတ်ဆက်နိုင်သည် (iPhone 12 အမျိုးအစားများတွင် ပံ့ပိုးပေးထားသည်၊ နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင်မရနိုင်ပါ)။ Apple အထောက်အကူပြုဆောင်းပါးရှိ သင်၏ iPhone ဖြင့် 5G ကိုအသုံးပြုခြင်း ကိုကြည့်ပါ။ | |||||||||||
5G UW သင့်ဖုန်းဝန်ဆောင်မှုပေးကုမ္ပဏီသည် ကြိမ်နှုန်းမြင့် 5G ကွန်ရက် ရရှိနိုင်ပါက၊ iPhone သည် ထိုကွန်ရက်မှတစ်ဆင့် အင်တာနက်ကို ချိတ်ဆက်နိုင်သည် (iPhone 12 အမျိုးအစားများတွင် ပံ့ပိုးပေးထားသည်၊ နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင်မရနိုင်ပါ)။ Apple အထောက်အကူပြုဆောင်းပါးရှိ သင်၏ iPhone ဖြင့် 5G ကိုအသုံးပြုခြင်း ကိုကြည့်ပါ။ | |||||||||||
5G E သင့်ဖုန်းဝန်ဆောင်မှုပေးကုမ္ပဏီ၏ 5G E ကွန်ရက် ရရှိနိုင်ပါက iPhone သည် ထိုကွန်ရက်မှတစ်ဆင့် အင်တာနက်ကို ချိတ်ဆက်နိုင်သည် (iPhone 8 နှင့်နောက်ပိုင်းအမျိုးအစားများတွင် ပံ့ပိုးပေးထားသည်၊ နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင်မရနိုင်ပါ)။ iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။ | |||||||||||
UMTS သင်၏ဝန်ဆောင်မှုပေးကုမ္ပဏီ4G UMTS (GSM) သို့မဟုတ် LTE ကွန်ရက်(ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီတွင်မူတည်သည်) ရရှိနိုင်ပါက၊ iPhone သည်ထိုကွန်ရက်မှတစ်ဆင့်အင်တာနက်ကိုချိတ်ဆက်နိုင်သည်(နိုင်ငံများ သို့မဟုတ် ဒေသအားလုံးတွင်မရနိုင်ပါ)။ iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။ | |||||||||||
LTE သင်၏ဝန်ဆောင်မှုပေးကုမ္ပဏီ LTE network ရရှိနိုင်ပါက၊ iPhone သည်ထိုကွန်ရက်ကိုချိတ်ဆက်နိုင်သည် (နိုင်ငံများ သို့မဟုတ် ဒေသအားလုံးတွင်မရနိုင်ပါ)။ iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။ | |||||||||||
UMTS/EV-DO သင်၏ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီသည် 3G UMTS (GSM) သို့မဟုတ် EV-DO (CDMA) ကွန်ရက်ရရှိနိုင်ပါက၊ iPhone သည်ထိုကွန်ရက်မှတစ်ဆင့်အင်တာနက်ချိတ်ဆက်နိုင်သည်။ iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။ | |||||||||||
EDGE သင်၏ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီသည် EDGE (GSM) ကွန်ရက်ရရှိနိုင်ပါက၊ iPhone သည်ထိုကွန်ရက်မှတစ်ဆင့်အင်တာနက်ချိတ်ဆက်နိုင်သည်။ iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။ | |||||||||||
GPRS/1xRTT သင်၏ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီသည် GPRS (GSM) သို့မဟုတ် 1xRTT (CDMA) ကွန်ရက်ရရှိနိုင်ပါက၊ iPhone သည်ထိုကွန်ရက်မှတစ်ဆင့်အင်တာနက်ချိတ်ဆက်နိုင်သည်။ iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။ | |||||||||||
Wi-Fi ခေါ်ဆိုမှု Wi-Fi ခေါ်ဆိုမှုအတွက် iPhone တွင် စီမံလုပ်ဆောင်ထားသည်။ iPhone သည် ထိုသင်္ကေတဘေးရှိ ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီအမည်ကိုလည်းပြထားသည်။ iPhone တွင်ဖုန်းခေါ်ဆိုခြင်း ကိုကြည့်ပါ။ | |||||||||||
Wi-Fi iPhone သည် Wi-Fi ကွန်ရက်မှတစ်ဆင့်အင်တာနက်သို့ချိတ်ဆက်ထားသည်။ သင်၏ iPhone ကို Wi-Fi ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ခြင်း ကိုကြည့်ပါ။ | |||||||||||
Personal Hotspot iPhone ကို အခြားစက်၏ Personal Hotspot မှတဆင့် အင်တာနက်ချိတ်ဆက်ထားသည်။ Personal Hotspot ကိုချိတ်ဆက်ခြင်း ကိုကြည့်ပါ။ | |||||||||||
Personal Hotspot Indicator iPhone သည် Personal Hotspot သို့မဟုတ် Screen Mirroring ထောက်ပံ့ပေးထားခြင်း သို့မဟုတ် သင့်တည်နေရာကိုသုံးထားသည့် အက်ပ်က လုပ်ဆောင်ချက်ရှိနေခြင်း ရှိမရှိကို အပြာရောင်ပူဖောင်းဝိုင်း သို့မဟုတ် ဘားက ညွှန်ပြသည်။ iPhone မှ သင်၏ Internet ချိတ်ဆက်မှုကို မျှဝေခြင်း ကိုကြည့်ပါ။ | |||||||||||
Call Indicator iPhone ကဖုန်းခေါ်ဆိုမှုပြုလုပ်နေကြောင်းကို အစိမ်းရောင်ပူဖောင်းဝိုင်း သို့မဟုတ် ဘားက ညွှန်ပြသည်။ iPhone တွင်ဖုန်းခေါ်ဆိုခြင်း ကိုကြည့်ပါ။ | |||||||||||
Recording Indicator iPhone က သင့်ဖန်သားပြင်ပေါ်တွင် အသံဖမ်း သို့မဟုတ် မှတ်တမ်းတင်နေခြင်းရှိမရှိကို အနီရောင်ပူဖောင်းဝိုင်း သို့မဟုတ် ဘားက ညွှန်ပြသည်။ iPhone ရှိ Voice Memos တွင်အသံသွင်းယူမှုပြုလုပ်ခြင်း ကိုကြည့်ပါ။ | |||||||||||
Camera In Use Indicator အက်ပ်တစ်ခုသည် သင်၏ကင်မရာကိုအသုံးပြုနေသည့်အခါ သင်၏ဖန်သားပြင်ထိပ်တွင် အစိမ်းရောင်မီးလင်းလာမည်။ iPhone ဖြင့် အရွယ်အစား၊ ပမာဏ၊ ထုထည်တိုင်းတာခြင်း ကိုကြည့်ပါ။ | |||||||||||
Microphone In Use Indicator အက်ပ်တစ်ခုသည် သင်၏မိုက်ခရိုဖုန်းကိုအသုံးပြုနေသည့်အခါ သင်၏ဖန်သားပြင်ထိပ်တွင် လိမ္မော်ရောင်မီးလင်းလာမည်။ iPhone ရှိ Voice Memos တွင်အသံသွင်းယူမှုပြုလုပ်ခြင်း ကိုကြည့်ပါ။ | |||||||||||
CarPlay iPhone ကို CarPlay ဖြင့် ချိတ်ဆက်ထားသည်။ iPhone ကို CarPlay ဖြင့် ချိတ်ဆက်ခြင်း ကိုကြည့်ပါ။ | |||||||||||
ချိန်ကိုက်ခြင်း သင့်ကွန်ပျူတာနှင့် iPhone ကိုချိန်ကိုက်ထားသည်။ သင့်ကွန်ပျူတာနှင့် iPhone ကိုချိတ်ကိုက်ခြင်း ကိုကြည့်ပါ။ | |||||||||||
Network လုပ်ဆောင်ချက် ကွန်ရက်လုပ်ဆောင်ချက်ရှိသည်ကိုပြပါ။ ကြားခံအက်ပ်စ်အချို့သည် လှုပ်ရှားမှုဖြစ်စဉ်တစ်ရပ်ကို ပြသရန် ၎င်းကို အသုံးပြုနိုင်သည်။ | |||||||||||
VPN iPhone သည် VPN ကိုသုံး၍ ကွန်ရက်သို့ချိတ်ဆက်ထားသည်။ | |||||||||||
Call Forwarding Call Forwarding အား စီမံလုပ်ဆောင်ထားသည်။ iPhone တွင် ဖုန်းခေါ်ဆိုမှု တစ်ဆင့်လွှဲပေးခြင်းနှင့် စောင့်ဆိုင်းခြင်းကို စီမံထားခြင်း ကိုကြည့်ပါ။ | |||||||||||
TTY ဆော့ဝဲလ် RTT / TTY သို့မဟုတ် ဟာ့ဒ်ဝဲလ် TTY ကိုဖွင့်ထားသည်။ iPhone တွင် TTY သို့မဟုတ် RTT ကိုစီစဉ်၍သုံးခြင်း ကိုကြည့်ပါ။ | |||||||||||
Lock iPhone ကိုသော့ပိတ်ထားသည်။ ပိတ်ထားသည့် iPhone ဖန်သားပြင်မှနေ၍ အစီအစဉ်များကိုဝင်ရောက်ခြင်း ကိုကြည့်ပါ။ | |||||||||||
Do Not Disturb Do Not Disturb ကိုဖွင့်ထားသည်။ iPhone တွင် Do Not Disturb ကိုပြုလုပ်ထားခြင်း ကိုကြည့်ပါ။ | |||||||||||
Portrait သော့ပိတ်ထားခြင်း iPhone ဖန်သားပြင်ကိုဒေါင်လိုက်အနေအထားဖြင့်သော့ပိတ်ထားသည်။ iPhone တွင် ဖန်သားပြင်အလှည့်အပြောင်းအား ပြောင်းလဲခြင်း သို့မဟုတ် ပိတ်ထားခြင်း ကိုကြည့်ပါ။ | |||||||||||
Location Services အမျိုးအစားတစ်ခုသည် Location Services ကို အသုံးပြုထားသည်။ iPhone တွင် သင်မျှဝေသည့် တည်နေရာအချက်အလက်များကို ထိန်းချုပ်ခြင်း ကိုကြည့်ပါ။ | |||||||||||
Alarm နှိုးစက်တစ်ခု သတ်မှတ်ထားသည်။ iPhone တွင် နှိုးစက်အချိန်တစ်ခုသတ်မှတ်ခြင်း ကိုကြည့်ပါ။ | |||||||||||
Headphonesချိတ်ဆက်ထားခြင်း iPhone သည် Bluetooth နားကြပ်နှင့် တွဲဖက်ထား၍ Bluetooth မိသည့်အကွာအဝေးတွင် ဖွင့်နားထောင်၍ ရသည်။ Bluetooth ခေါင်းတပ်နားကြပ်များကိုတပ်ဆင်၍နားထောင်ခြင်း ကိုကြည့်ပါ။ | |||||||||||
Bluetooth ဘက်ထရီ Bluetooth ကိရိယာနှင့်တွဲထားသည့် ဘက်ထရီပမာဏအား ပြသထားသည်။ | |||||||||||
Battery iPhone ဘက်ထရီပမာဏ သို့မဟုတ် အားသွင်းသည့်အခြေအနေကိုပြသည်။ ထိုသင်္ကေတသည် အဝါရောင်ဖြစ်နေသည့်အခါ၊ Low Power Mode သည် ပွင့်နေသည်။ iPhone ဘက်ထရီကိုအားသွင်း၍စောင့်ကြည့်ခြင်း ကိုကြည့်ပါ။ | |||||||||||
Battery Charging iPhone ဘက်ထရီပမာဏ သို့မဟုတ် အားသွင်းသည့်အခြေအနေကိုပြသည်။ iPhone ဘက်ထရီကိုအားသွင်း၍စောင့်ကြည့်ခြင်း ကိုကြည့်ပါ။ | |||||||||||
AirPlay AirPlay ကိုဖွင့်ထားပါ။ iPhone မှ Apple TV သို့မဟုတ် smart TV သို့ ဗီဒီယိုများ၊ ဓာတ်ပုံများကို ကြိုးမဲ့စနစ်ဖြင့် တိုက်ရိုက်ကြည့်ရှုခြင်း ကိုကြည့်ပါ။ | |||||||||||
Voice Control Settings > Accessibility တွင် Voice Control ကိုဖွင့်ထားပြီး သင်တောင်းဆိုရန်အတွက် Siri မှအသင့်ရှိနေသည်။ iPhone ဖြင့်အပြန်အလှန်တုံ့ပြန်ရန် Voice Control ကိုသုံးပါ။ ကိုကြည့်ပါ။ | |||||||||||
Siri Eyes Free Siri သည်ကားထဲတွင်သင်၏စကားပြောတောင်းဆိုမှုများအတွက်ရနိုင်သည်။ ကားထဲတွင် Siri ကိုအသုံးပြုခြင်း ကိုကြည့်ပါ။ |